တရားခံဘယ်သူလဲဟေ့
02-Apr-2018ရောဂါစမ်းသပ်ပြီးသကာလ ဆရာဝန်က ဝေဒနာရှင်အား -
“ ခင်ဗျားအသည်းခြောက်ရောဂါဖြစ်နေပြီ၊ အဓိကတရားခံက အရက်ပဲ ”
“ ဟုတ်လားဆရာ၊ အခုလိုကြားရတဲ့အတွက် သေပျော်ပြီဆရာ ”
“ ဘာဖြစ်လို့လဲဗျ ”
“ ဆရာကလွဲလို့ ကျန်တဲ့ဆရာဝန်တိုင်းက အဓိကတရားခံဟာ ကျတော်လို့ပဲ ပြောခဲ့ကြလို့ ”
“ ဟိုက် ”
Credit: ဆေးလောကဟာသများ